ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းပေါ်တွင်လွှင့်တင်ခဲ့သည့်ဖြစ်စဉ်မှ တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ.နှင့် မတို့ မိသားစု၏ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေပေါ် အခွင့်ကောင်းယူ၍ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အလို့ငှာ Videoရိုက်ကူးကာ Online လူမှုကွန်ယက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသော ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပြင်ဆင်အားထုတ်ခဲ့သော…