မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC )ကို တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းများဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြသူများအား အလေးပြုကြ ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။
Related Posts
ဖေးမကူညီဆောင်ရွက်ပေးမည်
- ပုည
- October 19, 2023
၁၉.၁၀.၂၀၂၃ရက်နေ့ နံနက်ပိုင်းတွင် ရေကြီးမှုကြောင့် ခေတ္တပိတ်ထားသည့် လှည်းကူးမြို့နယ်၊ရိပ်သာရပ်ကွက်၊ရုံးဟောင်းလမ်းရှိ အ.ထ.က(မြို့မ)ကျောင်းကို ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများနှင့်မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
နစကအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်
- အေးခင်
- May 10, 2024
နစကအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်ဟု နစကသတင်း ထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၈ ရက်နေ့ ညတွင် သတင်းထုတ်ပြန် ပြောကြားသွားခဲ့ပါသည်။ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် […]
ရန်ကုန်နည်းပညာတက္ကသိုလ်၌ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
- ရှင်ယွန်း
- May 21, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosco- smos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၀ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပခဲ့ပါတယ်… […]