(၅၅) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဝင် အားကစားသမားများအားကြိုဆို

နီပေါနိုင်ငံ ခတ္တမန္တူမြို့၌ စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိကျင်းပပြီးစီးခဲ့သည့် (၅၅) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတစ်ခု၊ငွေနှစ်ခု၊ ကြေးသုံးခုရ အားကစားအဖွဲ့သည် စက်တင်ဘာလ ၈ ရက် နံနက်က ရန်ကုန်မြို့သို့ပြန်လည်‌ရောက်ရှိလာ‌ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါတယ်။