အိအိချိုချိုလေး၊ ဂျုံ ကြက်ဉခေါက်မုန့် ကြက်ဉခြောက်လုံး၊ဂျုံတစ်ဆယ်သား၊နို့စိမ်းတစ်ဘူး အုန်းသီးလေးခြစ်ထားမယ်။ အားလုံးကိုဖောက်ထည့်ခေါက်ပါမယ်။ ရေ- လက်ဖက်ရည်တစ်ခွက်စာ ဆား-အနည်းငယ် သကြားပါထည့်ခေါက်ပါ သကြားကတော့အချိုကြိုက်သလောက်ထည့်ပါ။အရည်ကျဲကျဲပဲဖျော်ပါ ဒယ်အိုးကိုဆီသုပ်ပြီးအပူပေးပါ။မုန့်ရည်ပါးပါးလောင်းထည့်ပါ။ မုန့်သားကျက်လာရင်အုန်းသီးဖြူးပါမယ်။မီးနည်းနည်းနဲ့လုပ်ပါ. ပြီးရင် ဒီလိုလေးတွေလိပ်လိုက်ပါမယ်။ခေါက်မုန့်လိုခေါက်လည်းရပါတယ်။