ကြံပင်ပေါက်နှုန်းကိုလွှမ်းမိုးသောအချက်များ ကြံပင်ပေါက်နှုန်းကောင်းစွာရရန်- (က) ကြံမျိုးပိုင်းဖြတ်ဆိုင်ရာအချက်များ (ခ) ပတ်ဝန်းကျင်ဆိုင်ရာအချက်များ က-၁။ ကြံမျိုးပိုင်းအတိုအရှည် အပင်ငယ်ပေါက်ရန် ကြံမျိုးပိုင်းဖြတ်လိုအပ်ချက်မှာအထူးပင်နည်းလှသည်။ စင်စစ်မျက်လုံးဖူးတစ်ခု၊ အမြစ်လောင်းတစ်ခုနှင့် ၎င်းတို့ကိုစုစည်းထားရာအဆစ်ပိုင်းငယ်ပါလျှင်ပင် ကြံပင်ပေါက်ရနိုင်သေးသည်။ သို့သော်ကြံမျိုးပိုင်းဖြတ်သေးငယ်သွားသည်နှင့်အမျှ […]