ယနေ့ ညနေ ၅နာရီမှာ မြန်မာလက်ရွေးစင်အသင်းဟာ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ မကာအိုအသင်းနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ တရုတ်ကို (၄)ဂိုး ပြတ်ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် ကျေနပ်မိကြောင်း ပြောဆိုထားပါတယ်။
(၁၉-၆-၂၀၂၃) ယနေ့ပွဲစဉ်မှာတော့ နိုင်ပွဲရမလား မြန်မာလက်ရွေးစင်အသင်းရဲ့ ပရိတ်သတ်ကြီး စောင့်မျှော်ကြည့်ရှု အားပေးကြပါအုံး။
မြန်မာ့လက်ရွေးစင် အသင်းလူစာရင်း
ဂိုး – ပြည့်ဖြိုးသူ (ရတနာပုံအက်ဖ်စီ)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန် ယူနိုက်တက်)
နောက်တန်း – ဇွဲခန့်မင်း၊ ရဲမင်းသူ၊ နန္ဒကျော်၊(ရှမ်းယူနိုက်တက်)၊ ဟိန်းဖြိုးဝင်း (Ratchaburi)၊ သက်ဟိန်းစိုး (ရတနာပုံအက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သီဟထက်အောင် (ရခိုင် ယူနိုက်တက်)၊
အလယ်တန်း – ဝေလင်းအောင် (ဒဂုံစတား)၊ ရန်နိုင်ဦး (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM)၊ ငြိမ်းချမ်းအောင် ၊ လွင်မိုးအောင် (Rayoung FC)၊ မောင်မောင်လွင် (Lamphun Warriors)၊ ဟိန်းထက်အောင် (Selangor FC)၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)
ရှေ့တန်း – စည်သူအောင် (Ayutthaya UTD)၊ အောင်ကောင်းမာန် (Chonburi FC)၊ ဝင်းနိုင်ထွန်း (Borneo)၊သန်းပိုင် တို့ပဲဖြစ်ပါတယ်။