ရုရှားနိုင်ငံက နျူကလီးယားလက်နက် အသုံးပြုနိုင်သည့် မှန်းဆချက်သည် ခြွင်းချက်ဖြစ်နိုင်ပြီး ခုခံကာကွယ်မှုရည်ရွယ်ချက်အတွက်သာ ဖြစ်နိုင်သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ယူကရိန်းတပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းတွင်း ယင်းတို့၏ ထိုးစစ်များ အောင်မြင်သည်ဟု ပြောကြားပြီးနောက် ရုရှားနိုင်ငံက နျူကလီးယား လက်နက် အသုံးပြုနိုင်သည်ဟူသော မှန်းဆချက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားနိုင်ငံကလည်း ဇာပိုရိုဇီဒေသအတွင်း ယူကရိန်းတို့၏ထိုးစစ်ကို မောင်းထုတ်နိုင်ခဲ့ သည်ဟု ပြောကြားခဲ့ကြောင်း၊ ခုခံကာကွယ်ရေးကဲ့သို့သော သာမန်မဟုတ်သည့် အခြေအနေတွင် နျူကလီးယားသုံးစွဲမှု ဖြစ်နိုင်ခြေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ရုရှား၏ နျူကလီးယားဟန်တားရေးမှုဝါဒသည် ခုခံကာကွယ်ရေးဖြစ်ကြောင်း၊ နျူကလီးယားလက်နက်အသုံးပြုနိုင်ရေးဖြစ်နိုင်ခြေကို ခံစစ်ရည်ရွယ်ချက်မူဘောင် အတွင်း သာမန်မဟုတ်သည့်အခြေအနေက ကန့်သတ်ထားကြောင်း၊ ရုရှားအနေဖြင့် နျူကလီးယားစစ်ပွဲဆိုင်ရာ စည်းမျဉ်းများကို အပြည့်အဝလိုက်နာလျက်ရှိကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါသည်။
နျူကလီးယား စစ်ပွဲဖြစ်ပွားပါက အနိုင်ရရှိသူ ရှိမည်မဟုတ်ကြောင်း၊ နျူကလီးယားလက်နက် အသုံးပြုရေးကို မည်သည့်အခါမှ မပေါ်ပေါက်စေရေး ဖြစ်ကြောင်း၊ နျူကလီးယားစစ်ပွဲ တားဆီးရေးနှင့်ပတ်သက်၍ နျူကလီးယား လက်နက်ပိုင် နိုင်ငံ ၅ နိုင်ငံမှ ခေါင်းဆောင်များကိုလည်း စဉ်ဆက်မပြတ် တိုက်တွန်းလျက်ရှိကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါသည်။