ရပ်စောက်မြို၊ မင်းကြီးသုံးပါးစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ပူးပေါင်းအဖွဲ့သည် စစ်ဆေးဆောင်ရွက်နေစဉ် မေလ ၂၂ ရက် နေ့လည် ၁နာရီ ၁၅ မိနစ်တွင် ရပ်စောက်မြို့သို ဦးတင်လှိုင်(၃၈)နှစ်၊ (ဘ)ဦးအောင်ဆ၊ ကယန်း/ဗုဒ္ဓ၊မိုးဗြဲကျေးရွာ၊ ဖယ်ခုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ YGN-7K/7487 (Toyota Hilux/ခဲရောင်)နှင့် တစ်ရွာတည်းနေ ဦးရီဝေမောင်(၂၃)နှစ်၊ (ဘ)ဦးပန်းစိန်၊ ကယန်း/ဗုဒ္ဓ မောင်းနှင်ပြီး ဦးစံတင်(၄၇)နှစ်၊ (ဘ)ဦးခမ်း၊ ကယန်း/ဗုဒ္ဓတို့ လိုက်ပါလာသည့် ယာဉ်အမှတ်၊ YGN 4F/9560(Toyota Land Cruiser PRADO/ခဲရောင်)ယာဉ်တို့အား စစ်ဆေးခဲ့ရာ ယာဉ်အမှတ်၊ YGN-7K/7487 ၏ ဘေးဘော်ဒီအတွင်းမှ ဘိန်းဖြူဘလောက်တုံး (၇၈)တုံးနှင့် ယာဉ်အမှတ်၊ YGN 4F/9560 ၏ စပယ်ယာဘီးနှင့် ကားဘော်ဒီအတွင်းမှ ဘိန်းဖြူဘလောက်တုံး(၁၁၇)တုံး စုစုပေါင်း(၁၉၅)တုံး၊ ဘိန်းဖြူဘလောက်တုံး(၆၈.၂၅)ကီလို၊ ကာလတန်ဖိုးငွေကျပ် ၁၀၂၃၇.၅ သိန်း အား ဖမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။
Related Posts
ဝက်လက်မြို့နယ်၌ PDF အကြမ်းဖက် ၁ ဦးအား လက်နက်နှင့်အတူ အသေဖမ်းဆီးရမိ
- အေးခင်
- June 21, 2023
ဇွန်လ ၂၀ ရက်နေ့ မနေ့က ညနေ ၆ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သာစည်လေးကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် မသင်္ကာသော ဆိုင်ကယ် […]
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းလိုက်တဲ့ တာချီလိတ် ကျားဖြန့်
- YZ
- February 23, 2024
ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ မနက် ၁ နာရီ အချိန်က မြန်မာနိုင်ငံ၊ တာချီလိတ်မြို့(ထိုင်း-မြန်မာ နယ်စပ်မြို့)၊ 1G1 ဟိုတယ်အနီးရှိ တရားမဝင် ကျားဖြန့်လုပ်ငန်းကို လုံခြုံရေးအဖွဲ့များက […]
လုံခြုံရေးအရစစ်ဆေးတာကို ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီး
- အေးခင်
- June 6, 2024
ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ် တင်းတိပ်ကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် မသင်္ကာဖွယ် လူတစ်ဦးအားတွေ့ရှိ၍ စစ်ဆေးရန်ခေါ်ယူစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ […]