ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် မြိုင်မြို့နယ်၊ ကန်ကြီးတော(ရှေ့)ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲ့များနှင့် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းအား အသေးစိတ်ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF များ၏
- လက်လုပ်သေနတ် –၈ လက်
- လက်လုပ်ရှော့တိုက်ဒုံးသီး –၁၆ လုံး
- လက်လုပ်ရှော့တင်စင်– ၃ ခု
- ၁၂ ဗို့ကျည် –၁၀ တောင့်
- အမ် ၂၂ ကျည် –၅၁ တောင့်
- လက်လုပ်လက်ပစ်ဗုံး –၃ လုံး
- ဆိုင်ကယ်ဘတ္တရီ –၁၂ လုံး
- ခါးပတ်ကြီး –၅ ခု
- ပြောက်ကျားယူနီဖောင်း –၁၆ စုံ
- ယမ်းပျော့ –၇ ထုပ်
- စနက်တံ –၈၃ ချောင်း
- ဓာတ်မြေဩဇာ –၁ ထုပ်
- ယမ်းကြိုး –၆ ခွေ
- ဝါယာကြိုး –၃ ခွေ
- နိုင်လွန်ကြိုး –၆ ခွေ
- ပြောက်ကျားလည်တိုဖိနပ် –၁၁ ရံ
- တစ်ယောက်ပစ်ကျင်း –၂၂ ကျင်း
- စာရွက်စာတမ်း –၁ ထုပ်
- ဆိုင်ကယ် –၂ စီး
- လက်လုပ်မိုင်းမျိုးစုံ ၂၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။