နေပြည်တော်၊ဇမ္ဗူသီရိမြို့၊ သပြေကုန်းဈေးနားရှိ EV Charging Station ကို ယနေ့မနက်တွင်
စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
ကုမ္ပဏီနှစ်ခုမှ အိမ်စီးလျှပ်စစ်ယာဉ်အစီး ၄၀ တင်သွင်းထားပြီး ယင်းမှ ရန်ကုန်လေဆိပ်တွင် ၁၀ စီး၊ နေပြည်တော်သပြေကုန်းဈေးတွင် ၁၀ စီး တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမည်ဖြစ်ကာ ရန်ကုန်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ပြေးဆွဲနေခြင်းလည်းဖြစ်သည်။
“ လျှပ်စစ်ကားတင်သွင်းဖို့ စိတ်ဝင်စားတဲ့သူလျှောက်ရင် မဖြစ်မနေလုပ်ရမှာက Public Station လမ်းကြောင်းတစ်ခု။ ပထမဦးဆုံးက အများပြည်သူအတွက်ကိုသုံးတဲ့ public transpotation အတွက်ကို တက္ကစီအစီးရေအနည်းဆုံး ၃၀ တင်သွင်းရတယ်။