ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း လျှောက်လွှာများအား တိုင်းစစ်ဌာနချုပ်များတွင်၂၈-၁-၂၀၂၃ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ၂၆-၂-၂၀၂၃ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ကြောင်း အသိပေး ကြော်ငြာထားရှိပြီးဖြစ်သော်လည်း လျှောက်လွှာထုတ်ပေး/တင်သွင်းခြင်းကို ၅-၃-၂၀၂၃ ရက်နေ့အထိ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လျှောက်လွှာ ထုတ်ယူလိုသူများအနေဖြင့် နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်းလျှောက်လွှာများအား ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)