ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကုန်တင်ကား တိမ်းမှောက်လို့ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အမြန်လမ်း မိုင်တိုင် အမှတ် ၄၇အနီးမှာ ရန်ကုန်ကနေ နေပြည်တော်ကို မောင်းနှင်လာတဲ့ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော FUSO(မီးခိုးဖြူရောင်) ကုန်တင်ယာဉ်(ကုန်မပါ)ယာဉ်သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းက အဆိုပါမိုင်တိုင်အနီး လမ်းကွေ့ကြောတွင် တိုက်ရော့ပြုတ်ထွက်ကာ အရှိန်းမထိမ်းနိုင်ဘဲ လမ်းယာဘက်မြေသာလမ်းပေါ်သို့တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသား ၄ ဦးအနက် ၁ ဦး ထိခိုက်ဒဏ်ရာရရှိလို့ ပဲခူးမြို့ပြည့်သူ့ဆေးရုံးကြီးသို့ပို့ဆောင်ပေးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ZAWGYI