- ကြက်သား ၃၀ ကျပ်သား (ရေဆေးသန့်စင်ပြီး တစ်လက်မအရွယ်အတုံးလေးများတုံးကာ ခနောကြက်သားမှုန့်နဲ့နယ်ထားပါ)
- ခနောကြက်သားမှုန့် ထမင်းစားဇွန်း ၂ ဇွန်း (၁ ဇွန်း ကိုအသားနယ်ပါ။ ကျန်၁ ဇွန်းကို ဟင်းထဲထည့်ပါ)
- အာလူး ၂ လုံး (၂.၅ စင်တီမီတာ အရွယ်အတုံးလေးများတုံးထားပါ)(အရောင်မပြောင်းစေရန် ဆားရည်ထဲစိမ်ထားပေးပါ)(ချက်ခါနီးရေပြန်ဆေးပါ)
- ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
- ကြက်သွန်ဖြူ ၃ မွှာ (ညက်အောင် ထောင်းထားပါ)
- ချင်း ၃ စင်တီမီတာ (ရေဆေးပြီး ညက်အောင် ထောင်းထားပါ)
- ဆီ ထမင်းစားဇွန်း ၅ ဇွန်း
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မဆလာ လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကုလားပဲ ၁ ခွက် (၂၀၀ ဂရမ်) (၁ နာရီခန့်ရေစိမ်ထားပါ)
- ပလာတာ ၅ ချပ်
- ရေ ၄ ခွက် (၁၀၀၀ မီလီလီတာ) (ပဲပြုတ်ရန်)
- ရေ ၂ ခွက် (၄၅၀ မီလီလီတာ) (ကြက်သားချက်ရန်)
- ရေ ၁ ခွက် (၂၂၅ မီလီလီတာ) (အာလူးနူးစေရန်)
အချဥ်ပြုလုပ်ရန်
- ပူစီနံတစ်စည်း (အရွက်ခြွေရေဆေးထားပါ)
- ငရုတ်သီးစိမ်း ၅ တောင့် (ကတ်ကြေးနဲ့သေးသေးညှပ်ထားပါ)
- သံပုရာသီး ၁ လုံး
- ကြက်သွန်နီ ၁ လုံး (မထူမပါးလှီးထားပါ)
- ဆားအနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
- ကုလားပဲကို ရေနဲ့ဆားအနည်းငယ်ထည့်ကာ မီးမပြင်းတပြင်းအနေအထားနဲ့ ကြိုတင်ပြုတ်ထားပေးပါ။ လက်နဲ့ဖိကြည့်လို့ နူးပြဲနေပြီဆိုရင် မီးပိတ်ထားလိုက်ပါ။ (ကုလားပဲအဖတ်လေးတွေမကြိုက်ရင် ပြုတ်ပြီးသားပဲကို ငရုတ်ဆုံနဲ့ထောင်းနိုင်ပါတယ်နော်)
- ဟင်းအိုးထဲကို ဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာ ဆီသတ်ပေးပါ။
- ကြက်သွန်တွေနွမ်းသွားပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ကြက်သားထည့်မွှေပေးလိုက်ပါ။ ဟင်းဆီသတ်နံ့လေးမွှေးလာပြီဆိုရင် ရေထည့်၊ အဖုံးအုပ်ကာ ၁၅မိနစ်ခန့်ထားပေးပါ။ ပြီးရင်အာလူးထည့်ကာ ရေထပ်စွက်ပေးပါ။ ကြက်သားနဲ့အာလူးနူးပြီဆိုရင် ပဲရည်နဲ့ပဲတွေကိုလောင်းထည့်ပေးပါ။
- ဟင်းရည်ဆူလာပြီဆိုရင် ချန်ထားခဲ့တဲ့ ခနောကြက်သားမှုန့် ထည့်မွှေပေးပါ။ အရသာနဲ့အရည်အပျစ်အကျဲ စိတ်ကြိုက်ဖြစ်ပြီဆိုရင် မဆလာထည့်ကာ မီးပိတ်နိုင်ပါပြီနော်။ အရည်ကျဲကျဲကြိုက်ရင် ရေလေးနည်းနည်းထပ်ရောနိုင်ပါတယ်နော်။
- ပလာတာလေးတွေမျှင်ပြီး ကြက်ပဲဟင်းရည်မွှေးမွှေးလေးဆမ်းလိုက်ပါ။ ကြက်သားပလာတာနဲ့အလိုက်ဖက်ဆုံး ပူစီနံအချဉ်လေးကလည်း လန်းဆန်းမွှေးပျံ့ပြီး အအီပြေစေပါလိမ့်မယ်။