🌺အမုန်းတွေနဲ့ အချိန်မဖြုန်းပါနဲ့.🌺 မေတ္တာစွမ်းအားကြီးတဲ့အခါအရာရာသနားတတ်လာပြီးကိုယ်ချင်းစာစိတ်တွေများလာမယ်။ သည်းခံနိုင်မှုစွမ်းအားကြီးတဲ့အခါဘယ်နေရာရောက်ရောက်ဘယ်သူနဲ့ပေါင်းပေါင်း အဆင်ပြေလာမယ်။ နားလည်ပေးနိုင်မှုစွမ်းအားကြီးတဲ့အခါဘယ်သူ့ကိုမှ အပြစ်မမြင်တော့ဘဲဖြည့်တွေးပေးတတ်လာလိမ့်မယ်။ ခွင့်လွှတ်နိုင်မှုစွမ်းအားကြီးတဲ့အခါမိတ်ကောင်းမြဲပြီး ရန်သူနည်းလာလိမ့်မယ်။ ကိုယ့်ကိုကိုယ်တကယ်ချစ်တတ်လာတဲ့အခါအချိန်ကို အကျိုးရှိအောင်အသုံးချပြီးအကုသိုလ်တွေရှောင်တတ်လာမယ်။ ဒါ့ကြောင့်..မေတ္တာပို့ပါ။မေတ္တာနဲ့ပေါင်းပါ။သည်းခံစိတ်မွေးပါ။နားလည်ပေးတတ်ပါစေဖြည့်တွေးပေးတတ်ပါစေခွင့်လွှတ်တတ်ပါစေကိုယ့်ကိုကိုယ် တကယ်ချစ်တတ်ပါစေ ပြုံးပါအပြစ်ကင်းတဲ့ပျော်စရာတွေနဲ့အကျိုးရှိစွာ ဖြတ်သန်းပါ။ […]