၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၇၅နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားကျင်းပပြုလုပ်ပုံများကို ယင်းနေ့ နံနက် ၅နာရီ ၄၅မိနစ်မှ စတင်ပြီး ရုပ်သံလိုင်း ၄ခုတွင် တိုက်ရိုက် ( Live ) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ဤယနေ့နံနက်ပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကို ယခင်ထုတ်ပြန်ခဲ့ပြီးသော ရုပ်သံလိုင်း ၄ခုတွင်သာမက MRTV News Channel, MRTV Parliament Channel, MITV, Readers Channel, Skynet Up To Date Channel နှင့် Skynet Tine Yin Thar Channel ရုပ်သံလိုင်း ၆ခုတွင်လည်း ထပ်မံတိုးချဲ့၍ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသောကြောင့် ရုပ်သံလိုင်းစုစုပေါင်း ၁၀လိုင်းတွင် မိဘပြည်သူများ ကြိုတင်သိရှိနိုင်စေရန် ကြိုတင်သတင်းကောင်းပါးအပ်ပါသည်။
Related Posts
(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၇) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ
- အေးခင်
- April 4, 2024
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၇) သီဟတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားပုံရိပ်များကိုဖော်ပြပေးလိုက်ပါတယ်နော်.။
ဂျိုးဖြူက မျိုးချစ်လူငယ်များအား ဂုဏ်ပြုကြိုဆို
- အေးခင်
- March 30, 2024
တတက(၁)ဂျိုးဖြူတွင် မိမိသဘောဆန္ဒအလျောက် စစ်သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား အရာရှိ/စစ်သည်/ရဲမေများနှင့်ဌာနဆိုင်ရာများမှ နွေးထွေးစွာဂုဏ်ပြုကြိုဆိုခဲ့တဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်.။
အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲခေါင်းဆောင်များ တွေ့ဆုံဂါရဝပြု
- admin
- October 11, 2024
(၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသိုတက်ရောက်မည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲခေါင်းဆောင်များမှ အောက်တိုဘာ ၁၀ ရက်နေ့ ယမန်နေ့က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။