စျေးရောင်းနေသည့် အမျိုးသမီးအား ဒလန်အဖြစ်စွပ်စွဲ၍ အကြောင်းမဲ့ပစ်ခတ်

ဒီဇင်ဘာလ ၂၆ ရက်နေ့၊ ၁၁၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းမြိုနယ်၊ ဖုန်ကုန်း
ကျေးရွာအုပ်စု၊ ညောင်လေးပင်ရွာ၊ မန္တလေး-ဗန်းမော် ကားလမ်းဘေးနေ ဒေါ်စိုးစိုး၊ ၅၆ နှစ်၊ ဈေးရောင်းသည့်အလုပ်
လုပ်ကိုင်သူသည် နေအိမ်အနောက်ဘက်၌ သန့်ရှင်းရေးပြုလုပ်နေစဉ် မျက်နှာတွင် အနီရောင်ပုဝါများစည်းထားသည့်
အကြမ်းဖက်pdf အမျိုးသား ၃ ဦး မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒေါ်စိုးစိုးတွင် ဝဲလက်ခလယ်
ရှပ်ထိဒဏ်ရာ၊ ၀မ်းဗိုက်ထိမှန် ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့၍ ဆေးကုသမှုခံယူနေပြီး၊ အဆိုပါ သေနတ်ဖြင့်အပစ်ခံရသည့်
ဒေါ်စိုးစိုးသည် အရပ်သားတစ်ဦးဖြစ်ပြီး မန္တလေး-ဗန်းမော် ကားလမ်းဘေးတွင်ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချနေသူဖြစ်သည့်
အတွက် လုံခြုံရေးအဖွဲ့ဝင်များနှင့် ခင်မင်ရင်းနှီးသူဖြစ်တာကြောင့် ဒလန်အဖြစ်စွပ်စွဲကာ အကြောင်းမဲ့ပစ်ခတ်ခြင်း
ဖြစ်ကြောင်းသိရှိရပါတယ်။