-စစ်ကိုင်းတိုင်းဒေသကြီးထဲမှာတပ်နှင့်ပြည်သူ လက်တွဲကူ၍ နယ်မြေဒေသတည်ငြိမ်အေးချမ်ရေးကို ဆောင်ရွက်နေတာတွေ့ရတော့ အားရဝမ်းသာဖြစ်မိပါတယ်။
-အခုဆို ကန့်ဘလူမြိုနယ်အတွင်းမှ အစပြု၍ ၅၅၀ဆရာတော်၏ ဦးဆောင်မှု၊သွန်သင်ဆုံးမမှု၊ လမ်းညွှန်းမှုများနှင့်အတူ တပ်မတော်နှင့် ပူးပေါင်းကာ PDF အကြမ်းဖက်သမားများ မိမိတို့ဒေသအတွင်း မရှိစေရဆိုတဲ့ မူကိုလက်ကိုင်ထားပြီး ဒေသခံပြည်သူတွေက မိမိတို့ဒေသ တည်ငြိမ်းအေးချမ်းရေးအတွက် အားတက်သရော ပါဝင်နေကြတာကို လေးစားအတုယူဖွယ် တွေ့မြင်နေရပါတယ်။
-ခုဆို ကန့်ဘလူနယ်မှာ PDF အကြမ်းဖက်အဖွဲဆိုတာ ဘာလည်းလိုတောင် မေးရအောင် အေးချမ်းတည်ငြိမ်နေတာကိုလည်း တွေ့မြင်နေကြရပါသည်။
-၂၀.၁၂.၂၀၂၂ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲမှ ကန့်ဘလူခရိုင် စုပေါင်းရုံးဌာနတွင် ကန့်ဘလူမြိုနယ်/တန့်ဆည်မြိုနယ် /ကျွန်းလှမြိုနယ် ပြည်သူ့စစ်(ဋ္ဌာနေ)အဖွဲဝင်များအား ပြည်သူ့စစ်ဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။
-အခမ်းနာတွင် **ပြည်သူ့စစ်ညီအစ်ကိုများအနေနဲ့တရားသိသိ ဓားရှိရှိဖြင့် ရှိပြီးသားဓားကို ထက်အောင်သွေးရင်း တပ်မတော်နဲ့အတူလက်တွဲကာ အမျိုးဖျက် ဘာသာသာသနာဖျက် အကြမ်းဖက်လောက်ကောင်းများအား အမြစ်ပါမကျန် တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲကြီးမှ သစ္စာအဓိဌာန်ပြုပါ၏။ // အေးချမ်းစွာနေလိုတဲ့ပြည်သူများကို လူသတ် အကြမ်းဖက်ပစ္စည်းခိုးယူနေတဲ့ တိုင်းပြည်ဖျက်ဆီးနေတဲ့ လူယုတ်မာ PDF အကြမ်းဖက်သမား များ၏ဘေးဆိုးရန်အန္တရာယ်ကို စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဖော်ထုတ်ကြမည်ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်။
-တည်ငြိမ်အေးချမ်းရေးကို လိုလားကြသော ပြည်သူ့စစ်ညီအစ်ကို သူရဲကောင်းများအတွက် ဂုဏ်ပြုပွဲနှင့် ပြည်သူ့စစ်ဝတ် စုံထောက်ပံ့ ပေးအပ်ပွဲအမှတ်တရမှတ်တမ်းပုံရိပ်တွေကို မြင်ရတော့ ကျေနပ်အားရ ဖြစ်မိပါတယ်။





