ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပျဉ်းကျေးရွာအုပ်စုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဆော်တောရွာအနီးအရောက်တွင်.. ဒိုင်နာ(တစ်ပါ)အပြာရောင် တစ်စီးကို စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့ရာ မရပ်ဘဲဆက်လက်မောင်းနှင်သွားတဲ့အတွက် လုံခြုံရေးအဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးစဉ်.. လမ်းရဲ့တစ်နေရာအရောက်တွင် ယာဉ်မောင်းနဲ့ နောက်လိုက် (၂) ဦးဟာ ကားကိုထားကာ ထွက်ပြေးသွားခဲ့ပါတယ်..
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျန်ရှိခဲ့သည်ကားအား စစ်ဆေးစဉ်…
၎င်းကားအတွင်းမှ…
* Type(81) သေနတ် (၄၉၉)လက်
* ကျည်အိမ် (၄၉၈)ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါတွေသာ စစ်ကိုင်းတိုင်းနဲ့ပြည်မထဲကို ရောက်သွားခဲ့ရင် မတွေးရဲစရာပဲ..ဗမာအများစုနေထိုင်တဲ့ စစ်ကိုင်းဟာလည်း ပြာပုံထဲက ထွက်နိုင်မယ့်အနေအထား မရှိတော့ဘူး။ ကံကောင်းတယ်လို့ မှတ်ရမယ်။
ဒေသခံတိုင်းရင်းသားများရဲ့ သတင်းပေးမှုများကြောင့် ရှမ်းပြည်နယ်အတွင်း လက်နက်/ခဲယမ်းများဖမ်းဆီး ရရှိမှုများ/ အကျိုးအမြတ်များ အများအပြားရရှိခဲ့ပြီး…
၎င်းအထဲမှ ယခုအကြိမ်ဖမ်းဆီးရရှိမှု၏ အရေအတွက်မှာအများဆုံး အရေအတွက်ပဲဖြစ်ပါတယ်…
နောက်ကွယ်က ထောက်ပံပေးနေတဲ့ အဖွဲ့အစည်း/လက်မဲကြီးတွေကိုလည်း မကြာခင် ဖော်ထုတ်နိုင်တော့မှာဖြစ်ပါတယ်
နိုင်ငံတော်ကြီး အေးချမ်းတည်ငြိမ်ဖို့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။