တိုင်းရင်းကြက်တွေကို မွေးမြူတဲ့အခါမှာ ကြက်ဥတင်းထားတဲ့နေရာနှင့် နည်းစနစ်မှန်ကန်ဖို့ဆိုတာ အရေးကြီးတဲ့အချက်တစ်ခုပါ။
ဥတင်းအတွက် နေရာရွေးချယ်ရာမှာ ရှောင်သင့်တာက
(၁) အလင်းရောင်များလွန်းတဲ့နေရာ
အလင်းရောင်များလွန်းတဲ့နေရာကို ဘာလို့ရှောင်သင့်သလဲဆိုတော့ ကြက်မတွေဟာ ဥ ဥတော့မယ့်အချိန်မှာ ဂဏာမငြိမ်
အော်မြည်နေတတ်ပြီး စိတ်လှုပ်ရှားနေတတ်ပါတယ်။ ဥတင်းနေရာ လင်းလွန်းလျှင် သူတို့အတွက် မလုံခြုံဘူးလို့ ခံစားရတတ်လို့ပါ။
ကြက်ဥဥဖို့ အနှောင့်အယှက်ဖြစ်စေလို့ပါ။
(၂) မြင့်လွန်းတဲ့နေရာ
မြင့်လွန်းတဲ့နေရာ (သို့) ခြံအမိုးနှင့် ကပ်လွန်းတဲ့နေရာမှာ ဥတင်းကိုထားမယ်ဆိုလျှင် အမိုးအပူချိန်နှင့် ကြက်မရော
ကြက်ဥတွေအတွက်ပါ အပူဒဏ်ခံရပြီး ကြက်မတွေ မောဟိုက်တာ၊ ကြက်ဥပုပ်တာတွေဖြစ်တတ်လို့ပါ။
(၃) မြေပြင်နှင့်နီးကပ်လွန်းသောနေရာ
မြေပြင်နှင့်ကပ်လွန်းတဲ့နေရာမှာ ဥတင်းကိုထားမိမယ်ဆိုလျှင် ကြွက်၊ မြွေနှင့် အခြားကြက်များမှကြက်ဥကို အလွယ်တကူ
စားသောက်ခံရနိုင်လို့ပါ။
(၄) ထားသင့်သော ဥတင်းနေရာ
ကြက်ခြံ၏ အလင်းရောင်နည်းသောနေရာတွင် ကြက်ဥကျင်းများကို မြေပြင်မှအထက် ၁ ပေခွဲ၊ ၂ ပေအကွာတွင်
ကောက်ရိုးခင်းပြီး ခိုင်ခိုင်မြဲမြဲ ချည်နှောင်၍ ထားပေးပါက ကြက်မများအတွက် အဆင်ပြေဆုံး ဥတင်းနေရာ ဖြစ်ကြပါတယ်။
(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)