အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ လှုပ်ခတ်သော ငလျင်ကြောင့် သေဆုံးသူ ၂၆၈ ဦးမြင့်တက်လာကြောင်း သိရပြီး ပျောက်ဆုံးသူအရေအတွက် ၁၅၁ ဦးရှိပြီး ဒဏ်ရာရသူ ၁၀၈၃ ဦးရှိကြောင်း လူဦးရေ ၅၈၃၆၂ ဦးမှာ နေအိမ်စွန့်ခွာရပြီး စွန့်ခွာရသူအရေအတွက်မြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျုရှိ ငလျင်သည် စီရန်ဂျန်း-ဟီလီယာ အနောက်တောင်ပိုင်း ၁၈ ကီလိုမီတာအကွာ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခြင်းဖြစ်သည်။ ပြိုကျသွားတဲ့ဆောက်အအုံများမှာ စာသင်ကျောင်းတစ်ကျောင်းလည်း ပါဝင်သောကြောင့် သေဆုံးသူ ၂၆၈ ဦးတွင် ကလေးငယ်မည်မျှပါဝင်သည်ကို အတိအကျ မပြောနိုင်သေးကြောင်း တာဝန်ရှိသူများကပြောသည်။အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုက ငလျင်ဘေးသင့်ဒေသများသို့ သွားရောက်ကာ ဝမ်းနည်းစကား ပြောကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
Related Posts
အမေရိကန် လောင်စာဆီတင်သင်္ဘော အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးထိန်းချုပ်ခံရ
- အေးခင်
- January 13, 2024
St Nikolas အမည်ရှိ အမေရိကန် လောင်စာဆီတင်သင်္ဘောအား အီရန်က အိုမန်ပင်လယ်ကွေ့တွင် ဖမ်းဆီးထိန်းချုပ်လိုက်ကြောင်း အီရန်ရေတပ်က ထုတ်ပြန်ထားပါတယ်။ ယခုကဲ့သို့ ဖမ်းဆီး ထိန်းချုပ်လိုက်ခြင်းသည် ၂၀၂၃ ခုနှစ် […]
ပါကစ္စတန်နိုင်ငံက ကားအသေခံဗုံးခွဲမှု
- admin
- April 19, 2024
ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တွင် Port Qasim ဆိပ်ကမ်းတည်ဆောက်ရေးဆောင်ရွက်နေသည့် နိုင်ငံခြားသား အင်ဂျင်နီယာများ လိုက်ပါလာသော ကားကို အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
စစ်သားအလျင်စလို စုဆောင်းလာနေရတဲ့ ယူကရိန်းနိုင်ငံ
- admin
- June 2, 2024
ယူကရိန်း၌ စစ်မှုမထမ်းမနေရစနစ်တွင် မီးသတ်သမားများ၊ လူမှုဝန်ထမ်းများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အရေးပေါ်ကျန်းမာရေးဝန်ထမ်းများ၊ လူနာတင်ယာဉ်မောင်းများကို လက်ရှိ ထည့်သွင်းစုဆောင်းနေခြင်းမှ ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုမှုများရှိလာနေကြောင်း သိရှိရသည်။ ယူကရိန်းအနေဖြင့် ရုရှား-ယူကရိန်းစစ်ဆင်ရေးတွင် ၃၀၀၀၀ […]