မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၅၈/၁ ရှိ ဒုဋ္ဌဝတီတံတားအားအသစ် ပြန်လည်တည်ဆောက်လျက်ရှိရာ အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ နိုဝင်ဘာ ၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးနောက် ငလျင်ဒ-ဏ်ကြောင့် ပျ-က်စီးသွားသော လမ်း၊ တံတားများအပိုင်းလိုက် ပြီးစီးရေးတွန်းအားပေးဆောင်ရွက်ရန်၊ အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒ-ဏ်ခံနိုင်သောဒီဇိုင်းဖြင့် စနစ်တကျတွက်ချက်ဆောင်ရွက်ရန်၊…